အရိုးသားဆုံးပဲ ပြောပါမယ်
ပြီးမှ မင်း စိတ်ကြိုက် လုပ်ပါကွယ်
တစ်ဖက်သတ် တွေးတဲ့ အမှားတွေလည်း
ငါ ရှင်းပြလိုမှ မတတ်တာကွယ်
နင်လည်း သိပါတယ် ငါ့ရဲ့
အချစ်များ စစ်ပါတယ် ဘဝရဲ့
လှည့်ကွက်တစ်ခုရဲ့ လမ်းခုလတ်မှာကွယ်
ကြိုတင်ပြီးငါ သိနှင့်ပြီးသား
ဒီလို တစ်နေ့တော့ ဖြစ်လာမှာ
အမြင်မကျယ် အသိအမြင် ယိမ်းယိုင်လွဲမှား
မလိုသူပြောတဲ့ သွေးခွဲစကား
ယုံစားလို့ အချစ်ရယ် မျက်ရည်ကျမလို့လား
အချိန်မလွန်သေးခင် တစ်ခေါက်ပြန်စဉ်းစား
ပြင်ဆင်ခွင့်တို့ရှိချိန်မှာ
ငါရင်ထဲက မုသားမပါသောစကား
နင်သိဖို့ ပြောချင်တာ
ငါ့ရဲ့အချစ်က မင်းမှ အခြားတစ်ယောက်တစ်ပါး
မရှိနိုင်ပါ
နင်ရှိတဲ့ဘဝက ပြည့်စုံတယ် သို့သော်
နင်မရှိလည်း ငါ ဘာမှ မဖြစ်ပါကွယ်
နင်ဆုံးဖြတ်ချက်တို့ပြတ်သားနိုင်တယ်
အမှန်တရားတစ်ခု ငါ့ဘက်ရှိနေတယ်