ရပ်တန့်လို့မရတော့ဘဲ ကိုယ့်စိတ်တွေမင်းဆီကိုဘဲထပ်ကာထပ်ကာရောက်နေမိ
မင်းရဲ့အကြောင်းတွေးလိုက်တိုင်း
ရင်ခုန်နေမိ တာတွေကိုလည်း ထိန်းချုပ်နိုင်ဖိုအားအင်မရှိ
အိပ်မက်ထဲထိတောင်ဖမ်းစားထားတဲ့
မင်းရဲ့မျက်ဝန်းတွေကြောင့်
ကိုယ့်ရဲ့ နက်ရှိင်းတဲ့အချစ်တွေ
ပိုပိုပြီးတော့ ပေါက်ဖွားနေ
ဖွင့်ပြောပြချင်လိုက်တဲ့ စကားတွေ
ကိုယ့်မှာ အများကြီးရှိနေပေမယ့်လည်း
တကယ်စိုးရိမ်မိတယ်
ကိုယ့်ကို ငြင်းလိုက်မှာကြောက်တယ်
ကြင်နာသူမင်းသာ
နေ့တိုင်းကိုယ့်ရဲ့ အတွေးအာရုံများထဲမှာ
စိုးမိုးနေခဲ့တယ်
ကြာလာရင်မလွယ်ဘူးကိုယ်ရူးသွားနိုင်တယ်
ဒီဝေဒနာကိုမင်းတစ်ယောက်သာ
ကုစားပေးနိုင်လိမ့်မယ်
စက္ကန့်နဲ့အမျှ ကြီးမားလာခဲ့
မင်းမမြင်နိုင်တဲ့ ကိုယ့်ရဲ့အချစ်တွေ
ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရှိရင် တစ်ခုထဲဘဲလိုချင်ပါတယ်မင်းနဲ့ နီးစပ်ခွင့်တွေ
(i can’t get away from you )
အနာဂတ်ပန်းချီကားကိုမင်းနဲ့
နှစ်ယောက်တူပုံဖေါ် ရေးဆွဲချင်မိတယ်
စိတ်ကူးလေးတွေများစွာနဲ့
ကိုယ်ဟာမနက်ခင်းတွေတိုင်းကို နိုးထဆဲ
နှင်းဆီရောင်သန်းနေတဲ့
နှုတ်ခမ်းအလွှာလေးတွေနဲ့ မင်းပြုံးလိုက်ချိန်တိုင်း အရာရာဟာ တင်္ဒဂရပ်သွားသလား အရည်ပျော်သွားခဲ့ ကိုယ့်နှလုံးသား
ဖွက်ထားခဲ့ရတဲ့ ခံစားချက်တွေ
တစ်နေ့ထက်တစ်နေ့များလာခဲ့
ကိုယ့်မှာ ရှေ့တိုးဖိုလည်းမလွယ်
ဒွိဟတွေအပြည့်နဲ့
ကြင်နာသူမင်းရဲ့ သူငယ်ချင်းများထက်
ပိုယုံကြည်ရတဲ့လူ ကိုယ်ဘဲဖြစ်ချင်မိတယ်
ကြာလာရင်မလွယ်ဘူး ကိုယ်ရူးသွားနိုင်တယ်
ဒီနတ်သမီးလေးကိုမှ ချစ်မိနေတော့လည်း
စက္ကန့်နဲ့အမျှ ကြီးမားလာခဲ့
မင်းမမြင်နိုင်တဲ့ ကိုယ့်ရဲ့အချစ်တွေ
ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရှိရင် တစ်ခုထဲဘဲလိုချင်ပါတယ်မင်းနဲ့ နီးစပ်ခွင့်တွေ
ကိုယ့်ရင်ခွင်ပန်းခင်းထဲကမေတ္တာပန်းပွင့်လေးတွေ မင်းတစ်ယောက်ထဲဆင်မြန်းဖိုအတွက်သီးသန့်
ကြင်နာသူမင်းရဲ့အနားမှာ
ကိုယ့်ရဲ့ ချစ်ခြင်းတွေဝဲပျံ
မင်းတစ်ယောက်ဘဲပိုင်ဆိုင်ဖိုအတွက်သီးသန့်
ရပ်တန့်လိုမရတော့ဘဲ ကိုယ့်စိတ်တွေမင်းဆီကိုဘဲထပ်ကာထပ်ကာရောက်နေမိ
မင်းရဲ့အကြောင်းတွေးလိုက်တိုင်း
ရင်ခုန်နေမိ တာတွေကိုလည်း ထိန်းချုပ်နိုင်ဖိုအားအင်မရှိ
စက္ကန့်နဲ့အမျှ ကြီးမားလာခဲ့
မင်းမမြင်နိုင်တဲ့ ကိုယ့်ရဲ့အချစ်တွေ
ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရှိရင် တစ်ခုထဲဘဲလိုချင်ပါတယ်မင်းနဲ့ နီးစပ်ခွင့်တွေ
(i can’t get away from you )