လမင်းကြီးအဖြစ်နဲ့ မင်းသာ
တည်ရှိခဲ့မယ်ဆိုရင် “သီရီ” ရေ ငါဟာ
မင်းထာဝရ အထီးမကျန်ရအောင်
အပါးတော်မှာအမြဲ ခစားဝန်းရံပေးနေမယ့်
ကြယ်တာယာကလေးတွေ ဖြစ်ပါရစေ
ကောင်းကင်ကြီးအဖြစ်နဲ့ မင်းသာ
တည်ရှိခဲ့မယ်ဆိုရင် “သီရိ “ ရေမင်းရဲ့
အဆုံးမရှိ ကောင်းကင်ရင်ခွင်မှလွဲ၍
အတွယ်အနင်းကင်းမဲ့စွာ
ထာဝရခိုနားခွင့်ရမယ့် မိုးတိမ်သားလေးတွေ
ဖြစ်ပါရစေ “ သီရိ “ ရေ
ပင်လယ်ကြီးအဖြစ်နဲ့ မင်းသာ
တည်ရှိခဲ့မယ်ဆိုရင် ..“သီရိ “ရေ
ဘယ်တော့မှ ခြောက်ခမ်းမသွားစေဖို
မင်းအတွက်ငါဟာ
တသွင်သွင်စီးဆင်းပေးနေမယ့်
စမ်းချောင်းကလေးဖြစ်ပါရစေ